ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့်သရုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Aug 08,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန်၊ အားကစား၏ အကျိုးကျေးဇူးကို သိရှိပြီး ပုံမှန်အားကစားလေ့ကျင့်မှုများ ပြုလုပ်နိုင်ကြစေရန်၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများအကြောင်း သိရှိပြီး မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကတုတ်ဘုရားကြီး အခြေခံပညာအထက်တန်းကျောင်းနှင့် လက်ခုတ်ကွင်းကျေးရွာ အ.လ.က(ခွဲ)တို့၌ ကျင်းပပြုလုပ်ခဲ့သည်။