သတင်းများ

တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်စာဖတ်ခြင်း ဆွေးနွေးပွဲ Talk Show ပြုလုပ်
Aug 08,2022
ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၁) နာရီအချိန်က လူငယ်နှင့်စာဖတ်ခြင်းဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။
ဆွမ်ပရာဘွမ်မြို့နယ်တွင်မွေးကင်းစ‌ က‌လေး(၂)လမှ(၁)နှစ်ခွဲ ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေး
Aug 08,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မွေးကင်းစ ၂ လမှ ၁ နှစ်ခွဲ ကလေးငယ် များအား ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မုံရွာမြို့တွင် အားကစားနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပ
Aug 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦး‌ဆောင်ကျင်းပသော အားကစားနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ပြုလုပ်ခဲ့သည်။   
ဝါးခယ်မမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်၊ သစ်ကိုင်းများ ပြိုလဲမှုဖြစ်ပွား
Aug 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဝါးခယ်မမြို့နယ်၊ စာရေးကုန်းရပ်ကွက်၊ ကျောင်းကြီးလမ်း၌ ဗန်ဒါပင် ပြိုလဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ် အ.လ.က ပေချောင်းလေးတွင် အားကစားဆိုင်ရာနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အတူ တိုင်းရင်းဆေးဖြင့် ဆေးဝါးကုသခြင်း လုပ်ငန်းဆောင်ရွက်
Aug 08,2022
ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ အားကစားကို ချစ်မြတ်နိုးတတ်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ ပေါ်ထွန်းလာစေရေး၊ လူငယ်မောင်မယ်များ အနေဖြင့် စာရိတ္တကောင်းမွန်စွာ ကျင့်ကြံနေထိုင် တတ်စေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊
ဘိုကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေးဟောပြော
Aug 08,2022
မိမိတို့မြို့၊ရွာနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုမရှိစေရေး အသိပညာပေး ဟောပြောပွဲအား ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ကျင်းပခဲ့သည်။
မိုးညှင်းခရိုင်အတွင်း ဒေသန္တရအခြေအနေများပေါ် မူတည်၍ သက်ဆိုင်ရာ သဘာဝဘေးအန္တရာယ် များအလိုက် အလျင်အမြန် ရှာဖွေကယ်ဆယ်နိုင်ရေး ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်လှစ်
Aug 08,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ဒေသန္တရအခြေအနေများပေါ်တွင် မူတည်၍ သက်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်များအလိုက် အလျင်အမြန်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် စေရန်အတွက် ခရိုင်မီးသတ်ဦးစီးဌာနမှ စီစဉ်ကျင်းပသည့် ခရိုင်အဆင့်ရှာဖွေ ကယ်ဆယ်ရေးသင်တန်း ကို ယနေ့ နံနက် (၉)နာရီမှစတင်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ချီဖွေမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ Talk Show ဆောင်ရွက်
Aug 08,2022
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေ တို့ ပူးပေါင်း၍ ဒေသတွင်းလူငယ်၊ လူရွယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်ကို ပိုမို သိရှိစေရန် ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် "မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ" Talk Show ကျင်းပခဲ့သည်။