စစ်ကိုင်း ဩဂုတ် ၁၀
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါး ဆိုးကျိုးများအန္တရာယ်နှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်(၁၀)ရက်၊ နံနက် (၁၀)နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က ကျောင်းသား/ ကျောင်းသူများ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းမဖြစ်စေရန် သတိပြုရမည့်အချက်များ၊ လူသုံးကုန်/ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူသုံးဆာင်ရာတွင် အခံင့်အရေးဆိုင်ရာများ၊ ရပိုင်ခွင့်များ သိရှိနိုင်စေရန် ရည်ရွယ်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာများရရှိစေရန် ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများကလည်း စိတ်ဝင်စားစွာ နာယူမှတ်သားသွားကြပါလို့ အထူးမှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းခရိုင်၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူးက “ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာ ကွယ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ်(၈)မူးယစ်တပ်ဖွဲ့စု၊ မုံရွာ၊ စစ်ကိုင်းလှုပ်ရှားမှုအဖွဲ့မှဒုတိယ ရဲမှူးက “ မူးယစ်ဆေးဝါးဆိုးကျိုးများအန္တရာယ် သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက “စားသုံးသူကာကွယ်ရေး သိကောင်းစရာ” ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးပေးခဲ့ကြကာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက အားကစားပစ္စည်းများကို ပေးအပ်ရာ ပါမောက္ခချုပ်က လက်ခံပေးခဲ့ပြီး ဆွေးနွေးပေးခဲ့ကြသည့် တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်များ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ဆွေးနွေးဟောပြောခဲ့သည့် အကြောင်းအရာများထဲမှ ကျောင်းသား/ ကျောင်းသူများ သိရှိလိုသည့် အချက်များကို စစ်ကိုင်းပညာရေးတက္ကသိုလ်မှ တာဝန်ရှိသူဆရာတစ်ဦးက ဆွေးနွေးမေး မြန်းပေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)