သတင်းများ

ဘုရားသုံးဆူမြို့ တွင် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပ
Aug 13,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကရင်တိုင်းရင်းသားတို့၏ရိုးရာ ဝါခေါင်လချည် ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှကြီးမှူး၍ ဘုရားသုံးဆူမြို့ အမှတ် (၃)ရပ်ကွက်ရှိ ထောမဲ့ပါဓမ္မဗိမာန်‌တော်ကြီး၌ ယမန်နေ့နံနက် ၈ နာရီချိန်တွင် အခမ်းအနား စတင်ကျင်းပခဲ့သည်။
စလင်းမြို့နယ်တပ်တွင်း အခြခံပညာအထက်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်
Aug 13,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် တပ်တွင်း အခြေခံပညာအထက်တန်းကျောင်းတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးနှင့်စားသုံးသူများ၏ အကျိုးစီးပွား ကာကွယ်ရေး၊
တောင်သာမြို့တွင် ဆီကုန်သည်ကြီးများအသင်းမှအခြေခံလူတန်းစားများစားသုံးဆီ ဖူလုံစေရေး အတွက် ဈေးနှုန်းချိုသာစွာဖြင့်ဆက်လက်ရောင်းချပေး
Aug 13,2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့
ချောင်းဆုံတွင် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအတွက် (ပထမ)အကြိမ် ယူရီယား ဓာတ်မြေသြဇာ (၇၉၀)အိတ်ကို စျေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ
Aug 13,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများနှင့် မိုးစပါးနည်းပညာပေး စံပြစိုက်ကွက်များအတွက်
စလင်းမြို့နယ် တပ်တွင်း အခြခံပညာအထက်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Aug 12,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် တပ်တွင်း အခြေခံပညာအထက်တန်းကျောင်းတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးနှင့်စားသုံးသူများ၏ အကျိုးစီးပွား ကာကွယ်ရေး၊ ကုန်ပစ္စည်းများလုံခြုံစိတ်ချမှုရှိစေရေး ၊ကုန်ပစ္စည်းများ၏ဝန်ဆောင်မှုများ၏ အရည်အသွေး လုပ်ငန်းများ ဆောင်ရွက်ရန်တို့ကို ယနေ့ နံနက် ၁၀နာရီ ၃၀မိနစ် အချိန်က တပ်တွင်း အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံဟောပြောခဲ့ကြသည်။
ဇလွန်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီ တွင် အ.ထ.က ကော့ကပ်ကြီး တွင် ကျင်းပပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စားသုံးသူဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူး‌ပေါင်းပြီး စားသုံးသူဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့သည်။
မအီမြို့တွင် ကလေးများအား ဗီတာမင်(A)နှင့် သံချဆေးများကို အသက်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးပေး
Aug 12,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အသက်(၂)မှ (၄)နှစ်အထိ ကလေးများနှင့် (၆)လမှ (၅)နှစ်အထိ ကလေးများအား အာဟာရ ရက်သတ္တပတ်အနေဖြင့် ဗီတာမင်အေနှင့် သံချဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။