အင်္ဂပူ ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး စားသုံးသူဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီရှိန်က Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့်အချက်များ၊ ကုန်စည် (သို့) ဝန်ဆောင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ စားသုံးသူများ နစ်နာဆုံရှုံးမှု ပေါ်ပေါက် လာပါက (CICC) စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာသို့ တိုင်ကြားနိုင်ပြီး ဖြေရှင်း ဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် အသိပညာပေး Talk Show များ၊ စာဖတ်ဝိုင်းများ၊ ကဗျာရွတ် ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မန်းကျော် (ပြန်/ဆက်)