သတင်းများ

ကျောက်ဖြူမြို့၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး မြို့မစည်ပင်သာယာဈေးကြီးအတွင်းသို့ ခြင်ဆေးဖြန်းခြင်းဆောင်ရွက်
Aug 12,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေပြည်သူများအား ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် သွေးလွန်တုတ်ကွေးရောဂါများ မကျရောက်စေရန်အတွက် မြို့ပေါ်ပရဟိတအသင်းများ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေးကြီးအတွင်းသို့ သွားရောက်၍ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မိုးညှင်းတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Aug 12,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ရတနာခန်းမ၌ ကျင်းပခဲ့သည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ အပိုဆောင်းထိုးနှံပေး
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့် တစ်ဦးကူးစက်မှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်သူများအား ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ စုရပ်(၁၁)ခုတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 12,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန(၃)တို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောခြင်းကို မင်းသားကျွန်းရပ်ကွက် အ.ထ.က (၁) ကျောင်း၌ ယမန်နေ့က ဟောပြောခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်
Aug 12,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မိုးဦးကျရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်  ၁၁ နာရီ ၃၀မိနစ် အချိန်က စာစီကျောင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် ကျန်းမာရေးဌာနမှ ဆရာမများနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ အသိပညာပေးဟောပြောခဲ့ကြသည်။
မိုးမောက်မြို့၌ စိုက်ပျိုးရေးဆိုင်ရာအသိပညာပေး Talk Show ဆောင်ရွက်
Aug 12,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာအသိ ပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များအား e-ID စနစ်ဖြင့် Software Program ရိုက်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြည့်ရှုအားပေး
Aug 12,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား e-ID စနစ်ဖြင့် Software Program ရိုက်သွင်းခြင်းလုပ်ငန်းကို ကရင်ပြည်နယ် လွှတ်တော်ရုံးတွင်  ၁၈-၇-၂၀၂၂ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာယနေ့နံနက်ပိုင်းက ဘားအံ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်လွင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်တွင် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း အခမ်းအနားကျင်းပ
Aug 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ သခင်မြမောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။