စလင်း သြဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် တပ်တွင်း အခြေခံပညာအထက်တန်းကျောင်းတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးနှင့်စားသုံးသူများ၏ အကျိုးစီးပွား ကာကွယ်ရေး၊ ကုန်ပစ္စည်းများ လုံခြုံစိတ်ချမှု ရှိစေရေး၊ ကုန်ပစ္စည်းများ၏ဝန်ဆောင်မှုများ၏ အရည်အသွေး လုပ်ငန်းများ ဆောင်ရွက်ရန် တို့ကို ယမန်နေ့ နံနက် ၁၀နာရီ ၃၀မိနစ် အချိန်က တပ်တွင်းအခြေခံ ပညာအထက်တန်း ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံဟောပြောခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်နှင့် ဝန်ထမ်းများ၊ စီမံကိန်းဌာနမှဝန်ထမ်းများ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဒေါ်ချောစုသက်တို့လိုက်ပါခဲ့ကြသည်။ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းလင်းမောင်က စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက် ချက်များနှင့် စားသုံးသူကာကွယ်ရေးအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။ စားသုံးသူရေးရာဦးစီးဌာန၏ ကုန်စည်နှင့်ဝန်ဆောင်မှုများ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်ကုန်အညွှန်း အမှတ်အသားပါရှိရမည့် အကြောင်းအရာများ တာရှည်ခံ ဆိုးဆေးများအကြောင်း ရက်လွန်ကုန်ပစ္စည်းများ မစားသုံးသင့်သည့် ကုန်ပစ္စည်းများ အကြောင်း အရာများကို ပြည့်စုံစွာရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
မောင်လွင်(စလင်း)