တောင်သာ ဩဂုတ် ၁၂
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် အမှတ်(၁) ရပ်ကွက် ဇဂျမ်းလမ်းဘေး၌ ယမန်နေ့ နံနက် ၈ ခွဲ အချိန်မှ စတင်၍ စာအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီရောင်းချနေမှုတွင် မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်ထူး၊တောင်သာမြို့ စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးစိုးမိုးထွန်း၊ တောင်သာမြို့ဆီကုန်သည်ကြီးများအသင်းတို့မှ ကြီးကြပ်၍ ရောင်းချပေးလျှက်ရှိပြီး လူတစ်ဦးလျှင် တပိဿာနှုန်းဖြင့် ရောင်းချခြင်းဖြစ်ကြောင်းနှင့် အမှတ်(၁)ရပ်ကွက်အတွင်းရှိ အခြေခံ လူတန်းစားများ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ရောင်းချရာတွင် စားအုန်းဆီ(၁)ပိဿာလျှင် (၄၂၀၀)ကျပ် နှုန်းဖြင့် ရောင်းချခြင်း ဖြစ်ကြောင်း နှင့် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် ရည်ရွယ်၍ ရောင်းချပေးခြင်း ဖြစ် ကြောင်းနှင့် နောက်ရက်များတွင်လည်း ကျန်သည့် ရပ်ကွက်များသို့ ဆက်လက်ရောင်းချပေးသွား မည်ဖြစ်ကြောင်း တောင်သာမြို့ ဆီကုန်သည်ကြီးများအသင်းမှပြောကြားချက်အရ သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)