မအီ သြဂုတ် ၁၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အသက်(၂)မှ (၄)နှစ်အထိ ကလေးများနှင့် (၆)လမှ (၅)နှစ်အထိ ကလေးများအား အာဟာရ ရက်သတ္တပတ်အနေဖြင့် ဗီတာမင်အေနှင့် သံချဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မအီမြို့ပေါ်ရပ်ကွက်များရှိ (၆)လမှ (၅)နှစ်ထိ ကလေးငယ်များအား ဗီတာမင်(A)ဆေး တိုက်ကျွေးခြင်း၊ အသက်(၂)နှစ်မှ (၄)နှစ်အထိ ကလေးများအား သံချဆေးတိုက်ကျွေးခြင်း၊ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက် အစရှိသည့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို အာဟာရရက်သတ္တပတ်အနေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)