ဇလွန် သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီ တွင် အ.ထ.က ကော့ကပ်ကြီး တွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်း က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် လူငယ်နှင့်ရည်မှန်းချက် အကြောင်း အရာများ၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးရန်မသင့်သည့် အစားအစာများနှင့် စားသုံးရန်မသင့် သည့် အကြောင်းအရာများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ လေးမွန်ကြည်က ခွေးရူးရောဂါကာကွယ်တားဆီးရေး အကြောင်းအရာများ၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဒီလွင်က လူငယ်နှင့် ခေါင်းဆောင်မှုအကြောင်း သိကောင်းစရာ များနှင့် ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် အားကစား ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများစသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)