သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး နိုင်ငံခြားသားမှတ်ပုံတင်ခြင်းနှင့်  အခွန်ဆောင်ပျက်ကွက်‌ဖော်ထုတ်ခြင်း သင်တန်းအခမ်းအနားတက်ရောက်
Aug 13,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် နိုင်ငံခြားသားမှတ်ပုံတင်ခြင်းနှင့် အခွန်ဆောင်ပျက်ကွက်ဖော်ထုတ်ခြင်း သင်တန်းအခမ်းအနားကို ယမန်နေ့နံနက်၉ နာရီအချိန်က ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် တောစိမ့်တပ်နယ်အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်နံရံကပ်စာ​စောင်၊ ကလေးစာဖတ်ဝိုင်းကွင်းဆင်းဆောင်ရွက်
Aug 13,2022
 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန် မြှင့်တင်ရန်နှင့် လူငယ်ရေးရာအကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က တောစိမ့်တပ်နယ်အခြေခံ ပညာ အထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Aug 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကုန်းကျိုင်းကျေးရွာအုပ်စု ကောင်ငင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် လက်ထောက်ကြီးကြပ်ရေးမှူး ရထားထိန်း(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Aug 13,2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် လက်ထောက်ကြီးကြပ်ရေးမှူး ရထားထိန်း (အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် သင်္ဘောသီးနှံစိုက်ပျိုးတောင်သူများ ဖြစ်ထွန်းအောင်မြင်ကာ မိသားစု အပိုဝင်ငွေရရှိ
Aug 13,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများက ဥယျာဉ်ခြံမြေများနှင့် နေအိမ်ခြံဝန်း အတွင်း မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းအဖြစ် သင်္ဘောသီးနှံ စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ထွန်းအောင်မြင်ပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း
နတ်တလင်းမြို့နယ်၌  အိမ်ထောင်စု လူဦးရေစာရင်းမှတ်ပုံတင်ခြင်းစနစ်ပုံစံ(၆၆/၆)များ e-lD ဆော့ဖ်ဝဲရိုက်သွင်းခြင်းလုပ်ငန်း လျာထားချက်ရာခိုင်နှုန်းပြည့်ပြီးစီး
Aug 13,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်လျက်ရှိသော အိမ်ထောင်စုလူဦးရေစာရင်းမှတ်ပုံတင်ခြင်းစနစ်ပုံစံ (၆၆/၆)များ
မိုင်းပျဉ်းမြို့တွင် လူငယ်နှင့်ခေါင်းဆောင်အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်နှင့်ခေါင် ဆောင်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များအားe-ID စနစ်ဖြင့် Software Program ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး
Aug 13,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံး ကဆောင်ရွက်လျက်ရှိသည့် မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များ အား e-ID စနစ်ဖြင့် Software Program ရေးသွင်းခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ၌ ဆောင်ရွက်ခဲ့ရာ ယမန်နေ့က ရာနှုန်းပြည့်ပြီးစီးပြီဖြစ် ကြောင်း သိရသည်။