ထန်းတပင်(ရန်ကုန်) ဩဂုတ် ၁၄
ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည် ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန် ရည်ရွယ်ကာ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ လမုတန်းကြီးကျေးရွာရှိ သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ခုနစ်သိန်းငါးသောင်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုများဖြင့် ငါးမျိုးစိုက်ထည့်ခြင်းများကို တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိပြီး သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို လည်း တိုင်းဒေသကြီး၊ ခရိုင်တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူများပူးပေါင်းကာ လှော်ကား ငါးလုပ်ငန်းစခန်းနှင့် လေးထောင့်ကန်ငါးလုပ်ငန်းစခန်းတို့မှ ငါးသားပေါက်ကောင်ရေ ခုနစ်သိန်းငါးသောင်း တို့ကိုငါးမျိုးစိုက်ထည့်ပေးခဲ့ကြခြင်းဖြစ်ကြောင်းလည်းသိရသည်။
ငါးမျိုးစိုက်ထည့်ရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသ ကြီးဦးစီးမှူး ဦးတင့်လွင်၊ မြောက်ပိုင်းခရိုင်ဦးစီးမှူး ဦးလေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဖြိုးဝေစိုး၊ အဖွဲ့ဝင်(၂) ဦးအေးဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းအောင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာ နေပြည်သူများက လမုတန်းကြီးကျေးရွာ သဘာဝရေပြင်အတွင်းသို့ နှစ်လက်မအရွယ် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ နှစ်သိန်းငါးသောင်းနှင့်နှင့် ရွှေဝါငါးကြင်းငါးသားပေါက်ကောင်ရေ ငါးသိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ ခုနစ်သိန်းငါးသောင်း (၇၅ဝဝ၀ဝ)တို့ကို ငါးမျိုးစိုက်ထည့် ပေးခဲ့ကြ ကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)