ကျောက်ဆည်မြို့နယ် ရေဗြစ်ကျေးရွာတွင် လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)လုပ်ငန်းများဆောင်ရွက်

ကျောက်ဆည် ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး မြို့နယ်အတွင်းရှိ ကျေးရွာလိုအပ်ချက်များအား ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃-ခုနှစ်ဘဏ္ဍာနှစ်၌ ရေဗြစ်ကျေးရွာတွင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ(၁၀၀)သိန်း၊ ပြည်သူထည့်ဝင်ငွေ၊ လုပ်အား(၅၃)သိန်း၊ စုစုပေါင်းငွေကျပ်(၁၅၃) သိန်းဖြင့် အရှည်(၆၆၅)ပေ၊ အကျယ်၁၂)ပေ၊ ထု(၆)လက်မရှိ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းဖြစ်ကြောင်းနှင့် လမ်းအရည်အသွေးကောင်းမွန်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ပြီးနည်းပညာများ ကူညီပေးလျက်ရှိကြောင်းနှင့် လုပ်ငန်းများပြီးပါက ရေဗြစ်ကျေးရွာမှ အိမ်ခြေ(၇၅)အိမ်၊လူဦးရေ(၃၃၄)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိ ရသည်။

ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃-ခုနှစ် ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)လုပ်ငန်းများကို တုံလုံ၊ ဗနွဲ့ကုန်း၊ ရေဗြစ်၊ ရန်ဘက်လို၊ အောင်ချမ်းသာ၊ အေးရွာ၊ ဈေးကုန်း၊ ငပြောင်၊ သရက်ပင်၊ သင်တောင်း၊ ပေါက်ပင်ကွေ့၊ ကုန်းသာကျေးရွာများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)