၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုပွဲကျင်းပ

ဟင်္သာတ  သြဂုတ်  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြ သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုပွဲ အခမ်းအနားကို  ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး ခရိုင်မိသားစု စည်းရုံးရေးနှင့် စည်ကမ်းထိမ်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ခတ္တာထွန်းက ယခုလို ဝန်ထမ်းမိသားစုဝင် သားငယ်သမီးငယ်များကို ဂုဏ်ပြုပွဲကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၃ ဘာသာရရှိသူ ၂ ဦး၊ ၁ ဘာသာရရှိသူ ၃ ဦးနှင့်နှင့် ရိုးရိုးအောင်မြင်သူ ၄ ဦးတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိများ က ဂုဏ်ပြု ဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြပြီး ဆုရရှိသူများကိုယ်စား မပန်းသက်မှူးခင်မှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကိုဇော် -ဟင်္သာတ