ဟိုင်းကြီးကျွန်းမြို့၌ မြို့အဆင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ဟိုင်းကြီးကျွန်း သြဂုတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြို့အဆင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၆)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် ပဓာနိကာရာမကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တပညောဘာသ ကြီးမှူးသော သံဃာတော် အရှင်သူမြတ်များထံမှ ကိုးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ပရိတ်တရားတော်များကို နာယူခဲ့ကြသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲတို့မှ ကြွရောက်လာကြကုန်သော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိသားစုဝင်များသည် သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်းနှင့် အချိုပွဲတို့ကို ဆက်ကပ်လှူဒါန်းကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာမိသားစုဝင်များနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မျိုးအောင်