ဖျာပုံမြို့၌ အသက်(၆)လမှ အသက် (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ မျက်စိအားဆေးနှင့် သံချဆေးများ လိုက်လံတိုက်ကျွေး

ဖျာပုံ သြဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ အသက်(၆)လမှအသက် (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ မျက်စိအားဆေးနှင့် သံချဆေးများ လိုက်လံ တိုက်ကျွေးခြင်းကို သြဂုတ်လ (၁၅)ရက်နေ့ နံနက်( ၉)နာရီအချိန်ကဖျာပုံမြို့ အမှတ် (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ အသက်(၆)လမှအသက် (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ မျက်စိအားဆေးနှင့် သံချဆေးများ လိုက်လံတိုက်ကျွေးရာတွင် ဖျာပုံမြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ဆရာမများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်/ကျေးရွာစာရေး ဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများရှိ အသက်(၆)လမှ အသက် (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ မျက်စိအားဆေးနှင့် သံချဆေးများအား နေ့ရက်အလိုက်အုပ်စုခွဲပြီး၊ ကွင်းဆင်းလိုက်လံ တိုက်ကျွေးကြကြောင်း မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)