ရွှေတောင်မြို့နယ် တွင်စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး
Aug 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့် နေ့စဉ် ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိနှင့် စက်သုံးဆီအမျိုးအစားအလိုက် လက်ရှိသိုလှောင်ထားရှိမှု၊ လက်ကျန်အခြေအနေ၊ (၁) လီတာရောင်းချမှု အခြေအနေအား ယမန်နေ့နံနက်ပိုင်း က တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။