ဖျာပုံ ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေ ရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အတွင်း ရောင်းချ လျက်ရှိသော စက်သုံးဆီဆိုင်ကြီးများအား ပူးပေါင်း အဖွဲ့ဖြင့် လိုက်လံစစ်ဆေးခဲ့ကြသည်။
ထိုသို့လိုက်လံစစ်ဆေးရာတွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အနေဖြင့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ် စစ်ဆေးရေးကော်မတီမှ တစ်ဆင့် ပြည်သူများ စက်သုံးဆီဈေးနှုန်း မှန်ကန်စွာသုံးစွဲနိုင် ရေးနှင့် စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးအတွက် စက်သုံး ဆီဆိုင်ကြီးများအား လိုက်လံစစ်ဆေးကြရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်း အဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)