စလင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုလဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program ဖြင့် ထည့်သွင်းရိုက်ကူးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကြည့်ရှု (၅၈၄၉၄) အိမ်ထောင်စုပြီးစီး

စလင်း သြဂုတ် ၁၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု လဦးရေစာရင်းပုံစံ (၆၆/၆) များအား Software Program ဖြင့် ထည့်သွင်းရိုက်ကူခြင်းလုပ်ငန်းကို ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ သြဂုတ်လ ၁၅ရက် နံနက်၁၁နာရီအချိန်အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စုပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းကို လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စလင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်ဦးဆောင်မှုဖြင့် ဆောင်ရွက်ကြပြီး မြို့နယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော နိုင်-၄ ကိုယ်ရေးအကျဉ်းအချက်အလက်များကို  အခြေခံကာ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုရာတွင်လည်းကောင်း၊ နိုင်ငံသားများ၏ ကိုယ်ရေးအကြောင်းအရာများကို သိရှိလိုအပ်လျှင်သော်လည်းကောင်း တိကျမှန်ကန်သော အထောက်အထားများကို အမြန်ဆုံးသိရှိနိုင်ရန်အတွက် အိမ်ထောင်စုလဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်းရိုက်ကူးရခြင်းဖြစ်ပြီး အဆိုပါအိမ်ထောင်စုလဦးရေစာရင်းပုံစံရေးသွင်းရာတွင် ကန့်သတ် ကာလများအလိုက် ထည့်သွင်းရိုက်ကူးရမည်ဖြစ်ကာ လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်နိုင်ရေးအတွက် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက အိမ်ထောင်စုလဦးရေစာရင်းပုံစံ (၆၆/၆)

 e-ID စနစ် Software Program ဖြင့် ထည့်သွင်းရိုက်ကူးနည်းဖြင့် ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများဖြင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း (၆၁၃၀၅)စု လဦးရေ(၂၅၈၀၀၀)ဦးခန့်ရှိရာ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းအပြီးရေးသွင်းရမည်ဖြစ်ပြီး လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်း (၅၀)ဦး၊ ကွန်ပျူတာ (၂၅)လုံးတို့ဖြင့် ဆောင်ရွက်ခဲ့ရာ သြဂုတ်လ ၁၅ ရက်နေ့ အထိ(၅၈၄၉၄)အိမ်ထောင်စုပြီးစီးနေပြီးစီးဖြစ်ကြောင်း မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးတင်အေးထံမှ သိရသည်။

မောင်လွင်(စလင်း)