ကြာအင်းဆိပ်ကြီးမြို့နယ်၌ သဘာဝဘေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်

ကြာအင်းဆိပ်ကြီး မတ် ၂၂

မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက မိဘပြည်သူများအား ကူညီကယ်ဆယ် ရှာဖွေရေးလုပ်ငန်းများအား အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးနိုင်စေရေးအတွက် တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ခြင်း ကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများ ကြိုတင်စုဆောင်းပြင်ဆင်ခြင်းလုပ်ငန်းများနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လည်ပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိက်ကြီးမြို့နယ် မီးသတ်ဦးစီး ဌာနတွင်လည်း မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များအနေဖြင့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် အဆိုပါကြိုတင်ပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ၌ ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ ကြိုတင်စုဆောင်းပြင်ဆင်ဆောင်ရွက်ထားရှိပြီး သဘာဝဘေးကျရောက်လာပါက မိဘပြည်သူများအား ရှာဖွေကယ်ဆယ် ကူညီပေးနိုင်စေရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များဖြစ်သော မီးဘေးငလျင်ဘေး မုန်တိုင်းဘေးများ ကျရောက်မှုဖြစ်ပေါ်လာပါက မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအား ပျက်စီးဆုံးရှုံးမှုမရှိနိုင်စေရေးအတွက် အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်စေရေးအတွက် တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ထားရှိခြင်းနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများအား အသင့်ကြိုတင်ပြင်ဆင် ထားရှိလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးလမင်းထွန်းထံမှ သိရသည်။

မျိုးမင်းဦး