ဟိုပန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်

ဟိုပန် မတ် ၂၂

နိုင်ငံတော်မှ MCCT (Maternal and Child Cash Transfer) အစီအစဉ်ဖြင့် ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့်  ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၌ ပြုလုပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် ဟိုပန်မြို့နယ် လူမှုဝန်ထမ်းဉီးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် အောက်တို ဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် ဟိုပန်မြို့နယ်အတွင်းမှ ယခင်က အကျိုးခံစားခွင့်ရရှိပြီးသော ကလေး(၂၁၀)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်မှ မွေးဖွားလာသောကလေးငယ် (၂၀၅)ဦး စုစုပေါင်း ကလေးငယ် (၄၁၅) ဦးအား တစ်ဦးလျှင် ထောက်ပံ့ကြေးငွေ (၄၅၀၀၀) ကျပ်၊ စာရင်းအသစ်သွင်းထားသော ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန် (၂) လရှိမိခင် (၂၃)ဦးတို့အား  တစ်ဦးလျှင် (၁၅၀၀၀) ကျပ်၊ ကိုယ်ဝန် (၃)လရှိမိခင် (၁၉)ဦးအား တစ်ဦးလျှင် (၃၀၀၀၀) ကျပ်၊ ကိုယ်ဝန် ဆောင်(၄)လမှ(၁၀)လ မိခင် (၁၉၂)ဦးသည်တစ်ဦးလျှင်( ၄၅၀၀၀) ကျပ် စုစုပေါင်း MCCT အစီအစဉ်တွင် အကျိုးခံစားခွင့်ရှိသူပေါင်း (၆၄၉)ဦးရှိပြီး စုစုပေါင်း ထောက်ပံ့ငွေကျပ်  (၂၈၂၃၀၀၀၀)   (နှစ်ရာရှစ်ဆယ့်နှစ်သိန်းသုံးသောင်းကျပ်တိတိ)အား  သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရပ်/ကျေးစာရေးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဟိုပန်မြို့နယ် လူမှုဝန်ထမ်းဉီးစီးဌာနမှ  ဉီးစီးအရာရှိ ဒေါ်မြကေခိုင်ထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)