လားရှိုး မတ် ၂၂
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဒုတိယပြည်နယ်ဉီးစီးမှူးရုံးမှ မတ်လ (၂၁) နေ့ နံနက် (၁၀) နာရီအချိန်က ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ အသိပညာပေး ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာ၌ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဘူတာဈေးရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်နှင့် မုန့်ဆိုင်များအား ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုရှိ /မရှိ စစ်ဆေးဆောင်ရွက်ပြီး ဈေးဆိုင်ပိုင်ရှင်များအား ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများကို မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြ ရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား၊ အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်း မှုအညွှန်း၊ သုံးစွဲပုံနည်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်များကို ပြည့်စုံစွာ ဖော်ပြပါရှိမှသာ ရောင်းချရမည် ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)