ကျောက်မဲခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာနတွင် အခြေခံဘောလုံးသင်တန်းဖွင့်လှစ်

ကျောက်မဲ မတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူး၍ အသက် ၁၂ နှစ်အောက်  အခြေခံဘောလုံးသင်တန်းကို ယနေ့မှ စ၍ ခရိုင်အားကစားကွင်း၌  ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဘောလုံး မျိုးဆက်သစ်လူငယ်များ အနေဖြင့် ဘောလုံး နည်းစနစ်မှန်များ သိရှိလာစေရန်၊ လူငယ်များ ဗလ ၅ တန် အညီ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အဆိုပါ ဘောလုံးသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကာလမှာ ဧပြီလ ၄ ရက်နေ့အထိ ဖြစ်ပြီး အသက် ၁၂ နှစ်အောက် လူငယ် ၁၂၀ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

သင်တန်းပြီးစီးပါက သင်တန်းသားများအား ဘောလုံးပြိုင်ပွဲများ ကျင်းပပေးသွားမည် ဖြစ်ကြောင်း ကျောက်မဲခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရသည်။

မိုင်းထွန်း