ပုဏ္ဏားကျွန်း မတ် ၂၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည်ကြေညာခြင်း ကို ယနေ့ မွန်းလွဲ ၃ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့သတိပေး ကြေညာရာတွင် ၂၀၂၂ ခုနှစ်၊ မတ်လ(၂၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၀)နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေ၍ အားကောင်းသည့် လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနေပြီး၊ အဆိုပါ မုန်တိုင်းငယ်သည် နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် သို့ ရောက်ရှိလာနိုင်သည် ဟု ခန့်မှန်းထားရှိပါသည်။
သို့ဖြစ်ပါ၍ ၂၂-၃-၂၀၂၂ ရက်နေ့၊ ညနေပိုင်းတွင် ရခိုင်ကမ်းရိုးတန်းသို့ လည်းကောင်း ရောက်ရှိ လာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များအား မြို့ပေါ် ရပ်ကွက်အတွင်းသို့ လှည့်လည် ကြေညာခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)