အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) Puppet Festival Of Lancang-Mekong ရုပ်သေးပွဲတော်စီမံကိန်း အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

မန္တလေး မတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) Puppet Festival Of Lancang-Mekong ရုပ်သေးပွဲတော် စီမံကိန်း အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ တက္ကသိုလ် ပင်မအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် Puppet Festival Of Lancang-Mekong ရုပ်သေးပွဲတော် စီမံကိန်းကျင်းပနိုင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး (ပါမောက္ခချုပ်)က အဖွင့်အမှာစကား ပြောကြားပြီးခဲ့ပြီးနောက်  တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်အသီးသီးမှ မိမိတို့တာဝန်ယူဆောင်ရွက်ကြသည့် လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပါမောက္ခချုပ်မှ ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပွဲတော်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များကို အခမ်းအနား တက်ရောက်လာသည့် ကော်မတီ၀င်များမှ အသေးစိတ် ဝိုင်းဝန်းဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ Puppet Festival Of Lancang-Mekong ရုပ်သေးပွဲတော်ကို တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံယဉ်ကျေးမှုအဖွဲ့များ ပူးပေါင်းမှုဖြင့် မန္တလေးမြို့ရှိ မြနန်းဘုံစံရတနာပုံခန်းမတွင် မတ်လ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ဇာနည်ကိုကို (ပြန်/ဆက် )