ရပ်စောက်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်

ရပ်စောက်        မတ်    ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်()နှစ်အောက် ကလေးငယ်များအား နိုင်ငံတော်မှပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း တာဝန်ရှိသူများက လိုက်လံ ပေးအပ်ခဲ့ကြသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်()နှစ်အောက် ကလေးငယ်များကို နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ်တစ်သောင်းခွဲနှုန်းဖြင့် ()လလျှင်တစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ပထမသုံးလပတ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတို့အတွက် ရပ်စောက်မြို့နယ်၊ မြို့ပေါ်()ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၂၉၃)ဦးနှင့် အသက်()နှစ်အောက်ကလေးငယ် (၁၃၂)ဦးအား စုစုပေါင်းငွေကျပ်(၁၈၅၅၅၀၀၀)ကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်ထွေး၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်()နှစ်အောက် ကလေးငယ်များအား ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ရပ်စောက်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ()နှစ်အောက်ကလေးငယ် စုစုပေါင်း (၃၉၈၃)ဦးရှိပြီး တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၇၄၄၆၅၀၀၀)အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)