ဒဂုံအရှေ့ မတ် ၂၁
ရန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ (၁)နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသူ က သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ မထိခိုက်မပျက်စီးရေး၊ ကြုံတွေ့လာပါက ပျက်စီးမှုအနည်းဆုံးဖြစ်ရေးတို့အတွက် ချက်ခြင်းအချိန်မီ ကာကွယ်ကယ်ဆယ် ထောက်ပံ့ကူညီနိုင်ရေး စုဖွဲ့ဆောင်ရွက်ကြရန်၊ ထိခိုက်လွယ်သည့် ရပ်ကွက်အုပ်စုများအား အလေးထားကြိုတင်ပြင်ဆင်ထားရှိရေး၊ ပြည်သူများအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အကြံပြုဆွေးနွေးချက်များအပေါ် ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းအိမွန် (ပြန်/ဆက်)