မင်းပြားမြို့၌ ဂန္တဝါစကပဏ္ဍိတဘွဲတံဆိပ်တော်ရ ဆရာတော်အား ကြိုဆိုပူဇော်ပွဲကျင်းပ

မင်းပြား မတ် ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ဂန္တဝါစကပဏ္ဍိတ ဘွဲတံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တဝိလာသအား ကြိုဆိုပူဇော်ပွဲကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၂၀၂၂ ခုနှစ် နိုင်ငံတော်အစိုးရမှ ဆက်ကပ် လှူဒါန်းသော ဂန္တဝါစကပဏ္ဍိတ ဘွဲတံဆိပ်တော်ရ မင်းပြားမြို့ ရတနာ့ဗိမာန် ပရိယတ္တိစာသင်တိုက် ဦးစီးပစာနနာယက ဆရာတော် ဘဒ္ဒန္တဝိလာသအား ကြိုဆိုပူဇော်ပွဲကို မင်းပြားမြို့အဝင် နရမ်းလမ်းဆုံမှစတင်ပြီး မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များ၊ ကျောင်းဒယကာ၊ ကျောင်းဒါယိကာမများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ပြည်သူများ၊ ရခိုင်ရိုးရာ စည်တော်အဖွဲ့များက ဆရာတော်ကြီး မင်းပြားမြို့အဝင် နရမ်းလမ်းဆုံမှ ရတနာ့ဗိမာန်ပရိယတ္တိ စာသင်တိုက်သို့   ကြွချီတော်မှုရာ လမ်းတစ်လျှောက်၌  သောင်းသောင်းဖြာဖြာ ကြိုဆိုကန်တော့ကြကြောင်း သိရသည်။

သိန်းနုအောင်