သတင်းများ

ကျောက်ဆည်မြို့ ဆင်(၂)ကောင်ရပ်ကွက်လမ်းအားကတ္တရာထပ်ပိုးလွှာ ခင်းပေးခြင်းလုပ်ငန်းများရာနှုန်းပြည့်ပြီးစီး
Mar 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် မြို့တွင်းလမ်းများအား ကတ္တာထပ်ပိုးလွှာခင်းပေးခြင်း၊ သောက်သုံးရေများဖြန့်ဝေခြင်း၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆင်(၂)ကောင်ရပ်ကွက်၊ နယ်မြေ(၃)လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း သိရှိရသည်။
ကော့သောင်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 22,2022
ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတစ်ရပ်ကို မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အလက(၂) ရွှေမင်းဝံကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့၌ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်
Mar 22,2022
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုက်နယ်ကျန်းမာရေး ဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါကြိုတင်ကာကွယ်‌ရေး အသိပညာ‌ပေး (Talk Show) ကို ယမန်‌နေ့က လူထု အခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ပန်းတောင်း​မြို့နယ်တွင် ဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိ
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ ယမန်နေ့ နံနက်ပိုင်းပိုင်းမှစ၍ အသင့်စုဖွဲ့ထားရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာအုပ်စု ‌ နောင်ဘိုကြီးမူကြိုကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Mar 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို  လျှော့နည်းစေရန်ရည်ရွယ်၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးလျက် ရှိသည်။
လက်ပဲတန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်​သည်။
မိတ္ထီလာမြို့နယ် ဂွေ့အိုင်ကျေးရွာတွင် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Mar 22,2022
မိတ္ထီလာမြို့နယ် ဂွေ့အိုင်ကျေးရွာတွင် ၂၀၂၁-၂၀၂၂ခု ခြောက်လဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်  မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း  သိရသည်။