နောင်ချို မတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင် နောင်ချိုမြို့နယ်တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ အားကစားနှင့်ကာယပညာဉီးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁း၀၀ အချိန်က နောင်ချိုမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး)ဒေါ်သန်းသန်းထွေးက“လူငယ်များအကျင့် စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ် ဓာတ်ရှင်သန်ရေး”ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားရာတွင် ကျောင်းသား/သူများ အကျင့် စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးအတွက် ကလေးဘဝမှစ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ပညာဂုဏ်ပြည့်စုံဖို့ ကြိုးစားကြရန်လိုအပ်ကြောင်း၊ မိမိစာပေနှင့် မိမိယဉ်ကျေးမှု ဓလေ့ထုံးစံများကို ချစ်ခင်လေးစားမြတ်နိုး တန်ဖိုးထားကြရန် လိုအပ်ကြောင်း၊ စာတက်ဖို့ သာမကပညာတက်ဖို့ပါ ကြိုးစားကြရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။
၎င်းနောက် မြို့နယ်အား ကစားနှင့် ကာယပညာဉီးစီးဌာန အားကစားမှူး ဦးစစိုးမင်းချစ် ကလူငယ်လူရွယ်များ ဗလငါး တန် ဖွံဖြိုး တိုးတက်ပြီး အားကစားစိတ်ဓာတ် ပိုမို သက် ဝင်ယုံကြည်ခြင်းသည် တစ်မျိုးသားလုံး၏ ကာယဉာဏ စာရိတ္တ ဖွံဖြိုး တိုးတက်လာစေပြီး အားကစားကိုစိတ်ပါ ဝင်စားသည့် ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ ပေါ်ထွက်လာ စေရန် ရည်ရွယ်၍ “လူငယ်နှင့် အားကစား” အကြောင်း ဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ဆရာ၊ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ သူများ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွေးငယ်