ဝါးခယ်မမြို့နယ်တွင်၊ ကျုံမငေးမြို့ အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ

ဝါးခယ်မ မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်သည် (၉၃)ကြိမ်မြောက် ပူဇော်ပွဲဖြစ်ပြီး တပေါင်းလဆန်း ၁၂ ရက်မှ စတင်ဖွင့်လှစ်ပြီး တပေါင်းလပြည့်ကျော် ၄ ရက်နေ့အထိ အများပြည်သူ ဖူးမြှော်နိုင်ရေးအတွက် အပူဇော်ခံထားရှိပြီး တပေါင်းလပြည့်ကျော် ၄ ရက်၊ မတ်လ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်၍ ဗိုလ်မှူး ဦးမင်းထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ပိတ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကျုံမငေးမြို့ အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားတွင် ဘုရားဖူးပြည်သူများမှ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးအလင်းတိုင်၊ အမွေးတိုင်၊ ဆွမ်းဟင်း၊ သစ်သီးဆွမ်း၊ မုန့်အချိုပွဲများနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းခြင်း ပရိတ်ပဌာန်းဒေသနာတော်များဖြင့် ရွတ်ဖတ်ပူဇော်ခြင်း စသည့် ကုသိုလ်အလှူဒါနများ ပြုလျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)