ရမည်းသင်းမြို့နယ် မြောက်ငှက်သိုက်ကျေးရွာတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ရမည်းသင်း   မတ်   ၂၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြောက်ငှက်သိုက်ကျေးရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရလင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်ဖွဲ့ဝင်များနှင့် ရွာသူရွာသားများ ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ် ()စီး၊ မီးသတ်ရေသည်ယာဉ်()စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုဖြစ်စဉ်မှာ ဒေါ်လှထွေး၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း()ထပ် နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိထရံကာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး  မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း()ထပ် နေအိမ်()လုံး၊ KENBO125 ဆိုင်ကယ်()စီးတို့ မီးလောင် ဆုံးရှုံးခဲ့ကာ လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)