စုကလိမြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ အိုမိခရွန်အကြောင်းအသိပညာပေး Talk Show ပြုလုပ်

စုကလိ       မတ်       ၂၂

ကရင်ပြည်နယ်မြဝတီခရိုင်စုကလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံး အနေဖြင့် အများပြည်သူများအားအသိပညာပေး Talk Show များအား အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်အချိန်ကစုကလိမြို့ပြည်သူ့စာကြည့်တိုက်တွင် ယနေ့မြန်မာ သာမက ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်​ပွားနေသော ကိုဗစ်-၁၉ကူးစက်မြန်ရောဂါ အိုမီခရွန်အ​ကြောင်းအသိပညာပေး Talk Show အား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့်    ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန်ကိုအသိပညာပေး ဆွေးနွေးပေးခဲ့သည်။

ထိုသို့ ဆွေးနွေးပေးရာတွင် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ဒေါ်ပိုပိုအောင်နှင့် အငယ်တန်းစာရေး အင်အား(ပြ) ဦးကိုကိုအောင်တို့ ကဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။

ပိုပိုအောင်