ငရုတ်ကောင်းမြို့၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ချက်များ စဉ်ဆက်မပြတ်ဆောင်ရွက်

ငရုတ်ကောင်း မတ်၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ် ကွက်ကဲရေးအဖွဲ့မှ ဉီးဆောင်၍ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့နံနက်၅နာရီအချိန် ထုတ်ပြန်ချက်အရ အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိ အခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်လာမည် ဖြစ်သဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ထားပါသဖြင့် မိဘပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် ၉နာရီအချိန်က မြို့အတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ်ကွက်ကဲရေးအဖွဲ့မှ ဦးဆောင်၍ မြို့မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများသည် မြို့တွင်းလူစည်ကားရာ လမ်းဆုံလမ်းခွများ၊ ချောင်းဝ၊ ချောင်းရိုးများတစ်လျှောက် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေး နှိုးဆော်ချက်များအား ပြည်သူများသိရှိနိုင်ရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ငရုတ်ကောင်းမြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ် ကွက်ကဲရေးအနေဖြင့် မုန်တိုင်းအန္တရာယ် သတိပေးနှိုးဆော်ချက်များအား စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ်ကွက်ကဲရေးရုံးမှ သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)