မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားခြင်း ရှိ ၊ မရှိ ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေး၍ ထိုးနှံပေး
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအားအရှိန်အဟုန်မြှင့်၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ စတုတ္ထလှိုင်း ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့ပွားမှုကို အမြန်ဆုံး ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရန်အတွက် ရည်ရွယ်၍ (mobile Team ) အဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီ အချိန်မှစတင်၍ မိုဘိုင်စနစ်ဖြင့် ကျေးရွာများအရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။