ပန်းတောင်းမြို့နယ် ကြိုးကြာအုပ်စု၊​ ကြိုးကြာကျေးရွာ၊ ဇီးဖြူကွင်းကျေးရွာတို့တွင် လေဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်

ပန်းတောင်း မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြိုးကြာအုပ်စု ကြိုးကြာကျေးရွာနှင့် ဇီးဖြူကွင်း ကျေးရွာတို့တွင် ယနေ့နံက်ပိုင်းက လေပြင်းကာကွယ်ရေးလုပ်ငန်းများကို ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် ကြိုးကြာကျေးရွာအုပ်စု​​ ကြိုးကြာကျေးရွာ၊ ဇီး​​ဖြူကွင်း​ရှိ အိမ်ခြေ (၅၀)ကို တစ်အိမ်ထောင်လျှင် ဝါးထရံ(၃)ချပ်၊ ဝါးအလုံး (၂၈)လုံး၊ သွပ်နန်းခွေတစ်ခွေ၊ တန်ဖိုး ငွေကျပ် (၃ဝဝဝဝ)နှုန်းဖြင့် အိမ်(၅၀)အတွက် စုစုပေါင်းငွေကျပ်(၁၅၀၀၀၀) အကုန်ကျခံ၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့် ဒေသခံပြည်သူများပူးပေါင်းကာ လေဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)