သတင်းများ

အင်္ဂပူမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးကြေညာ
Mar 21,2022
ဧရာဝတီတိုင်းဒသကြီး၊ အင်္ဂပူမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ပြီး မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးလှည့်လည် ကြေညာခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လမ်းညွှန်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်/ဆင်း စစ်ဆေး
Mar 21,2022
မန္တလေးတိုင်းဒေသကြီး၊  မလှိုင်မြို့နယ်မီးသတ်ဦးစီးဌာနမှ  ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်မဖြစ်ပွားစေရန်နှင့်  မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းကို  ယမန်နေ့က မလှိုင်မြို့ ၊ အမှတ်(၁) ရပ်ကွက်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ ဒေသထွက် ရွှေဖရုံသီးများ ရောင်းချနိုင်ရေး တောင်သူတို့မျှော်လင့်
Mar 21,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ရွှေဖရုံသီးများ လှိုင်လှိုင်ပေါ်သော်လည်း နယ်စပ်ဒေသ မိုင်းယု-ကျိန်းယဲန်းတံတားကို ယာယီပိတ်ထားသည့်အတွက် ဖရုံစိုက်တောင်သူ ရွှေဖရုံသီးများ အချိန်မီတင်ပို့ ရောင်းချနိုင်ရန် မျှော်လင့်နေကြကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများ၊ ကားဂိတ်၊ ထော်လာဂျီဂိတ်နှင့် ဈေးဆိုင်များ၌ (၇၇) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် လူငယ်ဘက်စုံဖွံဖြိုးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်မိုးမိတ်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က လူငယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်အဖြစ် ကျောင်းသား၊ကျောင်းသူ လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် ကျန်းမာကြံခိုင်စေရေး ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာန တို့က အသိညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ကယားပြည်နယ် အစိုးရအဖွဲ့မှ ဖား​ဆောင်းမြို့​ပေါ်ရှိ ဘုန်း​တော်ကြီး​ကျောင်းများသို့ ဆွမ်းဆန်​တော်၊ ဆီ၊ ပဲ၊ ဆားစသည့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း
Mar 21,2022
ကယားပြည်နယ်၊အစိုးရအဖွဲ့မှ ဖား​ဆောင်းမြို့​ပေါ်ရှိ ဘုန်း​တော်ကြီး​ကျောင်းများသို့ ဆွမ်းဆန်​တော်၊ ဆီ၊ ပဲ၊ဆားစသည့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယ​မန်​​နေ့က ဖား​ဆောင်းမြို့ ​တောင်​ပေါ်တပ်ဦး​ကျောင်း၌ ကျင်းပသည်။
ဒဂုံမြောက်တွင် သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် သဘာဝဘေးစီမံခန်ခွဲရေး ကော်မတီ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးခန်းမ၌ ကျင်းပခဲ့သည်။
ဖားဆောင်းမြို့နယ် ​​​​ဝမ်​အောင်းကယား​ကျေးရွာတွင်  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့်ထိုးနှံ​ရေး မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပညာပေးနှိုးဆော်
Mar 21,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်−၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်ရန်နှင့် ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ဆေးအကြိမ်ပြည့် ထိုးနှံကြ​စေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ​ယမန်​​နေ့နံနက်(၁၀)နာရီက မြို့နယ်ကိုဗစ်-၁၉​​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦး၏ ကြီးကြပ်မှုဖြင့်၊ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းတို့က ပူးပေါင်း၍ ​​ဝမ်​အောင်းကယား​ကျေးရွာတွင် မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် ​ လိုက်လံနှိုးဆော်ခြင်းဆောင်ရွက်ခဲ့သည်။