နာဂဒေသ၊ ပန်ဆောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mark များအခမဲ့ဖြန့်ဝေပေး

ပန်ဆောင် မတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများ Mark နှာခေါင်းစည်းတပ်စင်သည့်အလေ့အကျင့်များ ရလာစေရန် မတ်လ(၂၁)ရက်က Mark အခုရေ (၅၀၀)ကို ပေးဝေခဲ့ကြောင်း ပန်ဆောင်မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေး ကော်မတီထံမှသိရသည်။ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ထိန်းချုပ်ကာကွယ်ရေး အတွက် ပြည်သူများအကြောင်းအမျိုးမျိုးကြောင့် နေအိမ်မှအပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း Mark တပ်စင်သည့်အလေ့အကျင့်များရှိစေရန် Mark ပေးဝေခြင်း လုပ်ငန်းကို ပန်ဆောင်မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေး ကော်မတီက ဦးဆောင်ရွက် နှာခေါင်းစည်း Mark အခုရေ( ၅၀၀)ကို ပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါ Mark နှာခေါင်းစည်း အခု(၅၀၀)ကို ဒေသခံပြည်သူများထံ လက်ဝေအရောက် ကွင်းဆင်းရွက် မြို့၏လူစည်းကားရာ နေရာဖြစ်သည့်မြို့ပေါ် စျေး (၃)ရပ်ကွက် လမ်းဆုံ တို့တွင် ကိုဗစ်-၁၉ ရောဂါစည်းကမ်းတတ်မှက်ချက်နှင့်အညီ ပေးဝေခဲ့ကြောင်း သိရှိ ရသည်။

ဂျာယော်(ပန်ဆောင်)