တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြား စတင်ထုတ်ပေး မာန်အောင်မြို့နယ်မှ(၁၂၆၃)ဦး ဝင်ရောက်ဖြေဆိုမည်

မာန်အောင် မတ် ၁၉

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကို ယနေ့နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ သက်ဆိုင်ရာစာစစ်ဌာနများတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို မတ်လ၃၁ရက်နေ့မှ ဧပြီလ၉ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး မာန်အောင်မြို့နယ် စာစစ်ဌာန(၅)ခုတွင် ကျောင်းတွင်းမှ ဖြေဆိုသူကျား (၂၅၄)ဦး၊ မ(၃၄၇)ဦး၊ ပြင်ပမှဖြေဆိုသူကျား (၂၇၆)ဦး၊ မ(၃၈၆) ဦး၊ စုစုပေါင်း(၁၂၆၃ )ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သိန်းဖေ(ပြန်/ဆက်)