ကျောက်ဆည်မြို့နယ်ရှားပင်ကျေးရွာတွင် ရေပေးဝေရေးလုပ်ငန်းများ အကောင်ဖော် ဆောင်ရွက်ပေးမှုကြောင့် ပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိ

ကျောက်ဆည် မတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေ အခက်အခဲရှိသော ကျေးရွာများအား သောက်သုံးရေ ဖူလုံစွာရရှိရေး ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၌ ရှားပင်ကျေးရွာတွင် ရေပေးဝေရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ပေးမှုကြောင့် ပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိပြီဖြစ်ကြောင်း သိရှိရသည်။

လုပ်ငန်းများဆောင်ရွက်ရာတွင် ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ်(၁၃.၃၈၅)သန်း အကုန်အကျခံ ()လက်မအကျယ်(VPC) ရေပိုက်(၆၉၈၀)ပေ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဦးစီးအရာရှိ ဒေါ်ဌေးဌေးရီ (နည်းပညာ)တို့က ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ရေပေးဝေရေးလုပ်ငန်းများပြီးစီးသွားပါက ရှားပင်ကျေးရွာမှ အိမ်ခြေ(၃၇၉)အိမ်၊ လူဦးရေ (၁၆၀၆)ဦးအတွက် သောက်သုံးရေများ အချိန်ရာသီမရွေး သုံးစွဲနိုင်ပြီဖြစ်ကြောင်းနှင့် ကျွဲ၊ နွား တိရိစ္ဆာန်များ အတွက်ပါ များစွာအဆင်ပြေမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင် ကျောက်ဆည်