ကော့ကရိတ် မတ် ၁၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် ခရိုင်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က အမှတ် (၃)ရပ်ကွက် အထက (၁)ကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်လေးနွယ်က လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် ကြီးပွားရေး၊ စာတတ်ဖို့ သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ထွန်းက လမ်းလျောက်ခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ ကာယပညာ သင်ကြားရခြင်း၏ ရည်ရွယ်ချက်များ၊ ကိုယ်ကာယ လေ့ကျင့်ခန်းပြုလုပ်ရာတွင် သတိထားရမည့် အချက်အလက် အသေးစိတ်ကို ရှင်းလင်ပြောကြားသည်။ ထို့နောက် ပညာရေးဦးစီးဌာန ခရိုင်ပညာရေးမှူး ဦးခိုင်ထွန်းက စနစ်သစ် ပညာရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ အပြုသဘောဆောင် စိတ်ဓာတ်ထားရှိသင့်ပုံ၊ အား/ သိပ္ပံ၊ အချိန်ကို အကျိုးရှိရှိ အသုံးချသင်ပုံနှင့် မိဘ၊ ဆရာတို့၏ ကျေဇူးမမေ့သင့်ပုံအကြောင်း အသေးစိတ်ကို ရှင်းလင်း ပြောကြား သည်။ ဆက်လက်၍ ပညာရေးဦးစီးဌာန ခရိုင်ပညာရေးမှူးက တာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား/သူ များက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော သုတ/ရသစာအုပ်များနှင့် နံရံကပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ များမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အထက (၁)ကျောင်းနှင့် အထက(ချောင်းတောင်) ကျောင်းတို့မှ အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)