ပဲခူးတိုင်းဒေသကြီး၊ (အနောက်)ပြည်ခရိုင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်

ပြည် မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ (အနောက်) ပြည်ခရိုင် ပြည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း (၃)ထပ်ဆောင်၌ ယနေ့ မွန်းလွဲ ၁၁ နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ကလေးများအား ပြည်ခရိုင် ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်စန်းစန်းဝင်းက စိတ်ဓာတ်ကောင်းများ ဖြစ်ထွန်းရေးနှင့် စည်းကမ်းလိုက်နာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက အကျင့်စာရိတ္တ ကောင်းမွန်ရေးအကြောင်းနှင့် ပြည်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်ဝင်းက စိတ်ဓာတ်မြှင့်တင်ရေး ကျန်းမာရေးနှင့် ကြံခိုင်ရေးအကြောင်း ကျောင်းသား၊ ကျောင်းသူကလေးများအား ဟောပြောခဲ့ ကြောင်း သိရသည်။

ထိုနောက် ကျောင်းသား၊ ကျောင်းသူလေးများက ပြည်ခရိုင်ပြန်/ဆက်ရုံးမှ ခင်းကျင်းပြသ ထားသော စာအုပ်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရ သည်။

ကိုစိုးပြန်/ဆက်