ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်စိုက်ခင်းများ တူးဖော်ရောင်းချနေပြီဖြစ်
Mar 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများပြီး တောင်သူအများစုသည် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း ကြက်သွန်၊ ငရုပ်၊ နှမ်း၊ ငှက်ပျော စသည့် သီးနှံများ စိုက်ပျိုးလျက်ရှိရာ ကြက်သွန်စိုက်ခင်းများ တူးဖော်ရောင်းချနေပြီဖြစ်ကြောင်း စပါယ်တောကျေးရွာမှ တောင်သူ ဦးကျော်သိန်းက ပြောပြသည်။