သတင်းများ

မိုင်းခုတ်မြို့၊ မိုင်းနင်းကျေးရွာအုပ်စု၊ ဝမ်လုံ(၁)ကျေးရွာ၌ မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့သော အိမ်ထောင်စု(၂၈)စုအား ထောက်ပံ့ပစ္စည်းများပေးအပ်
Mar 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းနင်းကျေးရွာအုပ်စု ဝမ်လုံ(၁)ကျေးရွာ၌ ယမန်နေ့နံနက် ၄ နာရီခန့်က မီးကြွင်းမီးကျန်မှတဆင့် နေအိမ်(၂၄)လုံးမီးလောင်ကျွမ်းခဲ့သဖြင့်  အိမ်ထောင်စု(၂၈)စု အိုးမဲ့၊ အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် ကြိုးကြာအုပ်စု၊​ ကြိုးကြာကျေးရွာ၊ ဇီးဖြူကွင်းကျေးရွာတို့တွင် လေဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြိုးကြာအုပ်စု ကြိုးကြာကျေးရွာနှင့် ဇီးဖြူကွင်း ကျေးရွာတို့တွင် ယနေ့နံက်ပိုင်းက လေပြင်းကာကွယ်ရေးလုပ်ငန်းများကို ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်အောင်၌ မုန်တိုင်းငယ်သတိပေးချက် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိ
Mar 21,2022
မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းငယ်သတိပေးချက် ထုတ်ပြန်ထားသည့်အတွက် ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်း သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Mar 21,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ် မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
မြစ်သားမြို့နယ် မုန္တောကြီးကျေးရွာတွင် နွားကောင်ရေ(၁၂၀)အားပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ် ဆေးထိုးနှံခြင်းများ ဆောင်ရွက်
Mar 21,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွား တိရစ္ဆာန်များအား ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၇)နာရီက မုန္တောကြီး ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 21,2022
မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း စုရပ်နေရာများအလိုက် ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မတ္တရာမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ (၇၄၄)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 21,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ( ၇၄၄)ဦး  ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Mar 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် မယ်နင် ကျေးရွာအုပ်စု ကျောက်လမ်းခင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။