သတင်းများ

ကျိုက်လတ်၌ မုန်တိုင်းသတိပေးချက်နှင့် ပြည်သူများလိုက်နာဆောင်ရွက်ရန်အချက်များ အသိပေးနှိုးဆော်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်း သတိပေးချက် နှင့်ပြည်သူများ လိုက်နာဆောင်ရွက်ရန် အချက်များကို ယမန်နေ့ည(၇)နာရီ ခန့်ကစ၍ မြို့နယ်အတွင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း“အိုမီခရွန်”ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်
Mar 21,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း “အိုမီခရွန်” ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြ စေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိ‌ပေးနှိုးဆော်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေ ကျေးရွာများတွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိ‌ပေး နှိုးဆော်ရာတွင်ဘ င်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်၍ ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းများကို ယမန်နေ့ ညနေ (၅)နာရီ အချိန်မှစတင်၍ ပင်လယ်ကမ်းခြေဒေသများနှင့် မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်‌ပေးလျက်ရှိ‌ကြောင်း သိရသည်။
ကြံခင်းမြို့တွင် မုန်တိုင်းသတိပေးချက်အား ပြည်သူများသိရှိစေရန် လိုက်လံနှိုးဆော်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ မုန်တိုင်းငယ် သတိပေး ထုတ်ပြန်ချက်အား ပြည်သူများသတိပြုသိရှိ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ လမ်းညွှန်မှုဖြင့် ယမန်နေ့ည(၆)နာရီခွဲအချိန်က ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ လမ်းဆုံများနှင့် လူစည်းကားရာ နေရာများတွင် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ပြည်မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် စာအုပ်စာ‌စောင်များပြသ
Mar 21,2022
၂၀၂၂ခုနှစ် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် စာအုပ်စာ‌စောင်များပြသခြင်းကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အထက(၁)၌ ယမန်နေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Mar 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၈)နာရီက သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သဘာဝဘေး(မုန်တိုင်းနှင့် လေပြင်း) အန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ
Mar 21,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၌ သဘာဝဘေး(မုန်တိုင်းနှင့်လေပြင်း) အန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံ ကပ်စာစောင်ကို မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အသိပညာပေး နံရံကပ်စာစောင်တွင် ပြသထားရှိသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ် အဖြစ် လူဦးရေ ၄၃၅၂ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးပြီးဖြစ်
Mar 21,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်နေရာများတွင် ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။