ထန်းတပင်မြို့နယ်တွင် ပင်စင်လစာငွေများအား ပုံမှန်စနစ်တကျ ထုတ်ပေးလျက်ရှိ
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့ အလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။