မြစ်သား မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွား တိရစ္ဆာန်များအား ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၇)နာရီက မုန္တောကြီး ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
မြစ်သားမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ဘက်တီးရီးယားကြောင့်ဖြစ်ပွား သော ပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် တိရစ္ဆာန်အချင်းချင်း ကူးစက်ရောဂါများ ကင်းရှင်းစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျွဲ၊ နွားတိရစ္ဆာန်များအား အချိန်အခါမရွေး ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါဖြစ်သည့်အတွက် အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို (၆) လ(၁)ကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း နှင့် မုန္တောကြီးကျေးရွာတွင် ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် နွားကောင်ရေ (၁၂၀)ကျော်အား မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းထိုးနှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)