မတ္တရာမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ (၇၄၄)ဦး ဝင်ရောက်ဖြေဆိုမည်

မတ္တရာ မတ် ၂၁

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ( ၇၄၄)ဦး  ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က(မတ္တရာ)စာစစ်ဌာနနှင့် အ.ထ.က(ခွဲ)(မတ္တရာ) စာစစ်ဌာနနှစ်ခုဖွင့်လှစ်၍ ကျင်းပသွားမည်ဖြစ်ပြီး ဘာသာတွဲ(၁)တွင် ကျား(၁၃၈)ဦး၊မ(၁၆၆) ဦး ပေါင်း (၃၀၄) ဦး၊ ဘာသာတွဲ(၂)တွင် ကျား(၆)ဦး၊ မ(၆)ဦး၊ ပေါင်း(၁၂)ဦး၊ ဘာသာတွဲ(၇)တွင် ကျား(၁၄၈)ဦး မ(၂၈၀)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၇၄၄)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)