ပုလော မတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၌ သဘာဝဘေး(မုန်တိုင်းနှင့်လေပြင်း) အန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံ ကပ်စာစောင်ကို မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အသိပညာပေး နံရံကပ်စာစောင်တွင် ပြသထားရှိသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် လေပြင်းအန္တရာယ် မဖြစ်ပွားမီ မိမိနေအိမ်များကို ကြံ့ခိုင်မှုရှိစေရန် လေပြင်းဒဏ်ခံနိုင်ရန် အမိုးများ အကာများ ကြိုတင်ပြင်ဆင်ရန် ၊ အိမ်အနီးရှိ ကျိုးကျ နိုင်သော သစ်ပင်၊ သစ်ကိုင်းများ ခုတ်တွင်ထားရန်၊ အိမ်အတွင်း ပြိုကျပြတ်ကျတိုင်သည့် ပစ္စည်းများကို အန္တရာယ်မဖြစ်စေအောင် ပြုလုပ်ထားရန် အရေးပေါ်သုံးပစ္စည်းများ စားရေရိက္ခာနှင့် အရေးကြီး စာရွက်စာတမ်းများကို မိမိနှင့်အတူ ချိတ်ဆွဲထားရန် မိသားစုဝင်များ အရေးပေါ် ပြောင်းရွေ့နိုင်သော နေရာများဆုံရပ်များကို ကြိုတင်သတ်မှတ်ထားရန်နှင့် မုန်တိုင်းအန္တရာယ် မဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ရန်၊ မုန်တိုင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးလျှင် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းအန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် သတိပေးစနစ်များ စသည်တို့ ဖော်ပြပါရှိသည်။
အေးအေးမော်(ပုလော)