ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ထီးချိုင့်  မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ဒေသခံပြည်သူများအား ဆက်လက်ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က မြို့နယ်ပြည်သူ့ဆေးရုံ ကြီးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးဆက်လက်ထိုးနှံပေးရာတွင် ဒေသခံပြည်သူ (၂၂၈)ဦးအား အဋ္ဌမအသုတ် ဒုတိယအကြိမ်အဖြစ် Covidshield (၂၁)လုံး ထိုးနှံပေးလျက်ရှိပြီး  အဆိုပါကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းနှင့် ဝန်ထမ်းများ၊  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးပြေဦးနှင့် တပ်ဖွဲ့ဝင်များ၊  ကျန်းမာရေးဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲလင်းထွန်း(ထီးချိုင့်)